စစ်ကိုင်းခရိုင်အနေဖြင့် ၂၀၂၁-၂၀၂၂ခုနှစ်တွင်ဂျုံစိုက်ဧက(၄၇၅၇၆)စိုက်ပျိုးခဲ့ပြီး၊ တစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်း(၁၉)တင်းခန့် ထွက်ရှိကြောင်း၊ ၂၀၂၂-၂၀၂၃ခုနှစ်တွင် စိုက်ပျိုးရန် လျာထားဧက (၄၇၆၀၁)ဖြစ်ပြီး တိုးချဲ့စိုက်ပျိုးရန် ဧက(၁၇၅၀)လျာထား ထားကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည်။
ဂျုံသီးနှံကို နိုဝင်ဘာ၊ အောက်တိုဘာ၊ ဒီဇင်ဘာလများတွင် စိုက်ပျိုးပြီး၊ ဖေဖော်ဝါရီ၊ မတ်နှင့် ဧပြီလများတွင် ထွက်ပေါ်သည်။ စစ်ကိုင်းမြို့နယ်တွင် ဂျုံဖြူသန့်မျိုးကို အများဆုံးစိုက်ပျိုးကြပြီး၊ ယခုနှစ်တွင် တစ်ဧက ကုန်ကျစရိတ် ကျပ်(၄)သိန်းခန့် ကုန်ကျနိုင်ကြောင်း၊ ဂျုံသီးနှံစိုက်ပျိုးရာတွင် ထယ်ထိုးရခြင်း၊ ရေသွင်းရခြင်း၊ မြေဆီသုံးရခြင်း၊ အခြားသီးနှံများထက် ပိုမိုဂရုစိုက်ရပါကြောင်း၊ မျိုးတစ်တင်း (၇၀၀၀ဝိ/-)ဖြင့် တစ်ဧကလျှင် မျိုးတစ်တင်းခွဲ အသုံးပြုကြောင်း၊ တစ်ဧကလျှင် ခန့်မှန်း (၁၉)တင်းထွက်လျှင် လက်ရှိ ဂျုံစေ့တစ်တင်းပေါက်ဈေး (၆၀၀၀ဝိ/-)ဖြင့် တွက်ပါက တစ်ဧက အမြတ် ကျပ်(၇)သိန်းကျော် ရရှိနိုင်ကြောင်း စစ်ကိုင်းမြို့နယ်၊ မကျီးကုန်းကျေးရွာတွင် ယခုနှစ် ဂျုံ(၃)ဧက စိုက်ပျိုးသည့် တောင်သူ ဦးညွန့်ဝင်းထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)