Main menu

မုံရွာခရိုင်အတွင်းရှိ မြို့နယ်များတွင် ဈေးနှုန်းသက်သာစွာဖြင့် စားသုံးဆီများရောင်းချပေးနိုင်ခဲ့

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးသည် ခရိုင်ဆီကုန်သည်၊ ဆီလုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း၍ ၂၀၂၂ ခုနှစ်အတွက် (၁/၂၀၂၂) ကြိမ်၊ (၂/၂၀၂၂) ကြိမ် နှင့် (၃/၂၀၂၂)ကြိမ်များကို (၁၇.၁.၂၀၂၂)ရက်နေ့မှစ၍ (၂၆.၂.၂၀၂၂) အထိ စားအုန်းဆီပိဿာစုစုပေါင်း (၁၁၀၀၀၀)၊ တန်အားဖြင့် (၁၁၄) တန်ကို မုံရွာခရိုင် အတွင်းရှိ စားသုံးသူပြည်သူများသို့ ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးခဲ့ပါသည်။

      မုံရွာခရိုင်အတွင်းရှိ မြို့နယ်များအပါအဝင်၊ ယင်းမာပင်ခရိုင်ရှိ လက်လီ/လက္ကားဆိုင်များနှင့် မုံရွာမြို့ပေါ် ရပ်ကွက်၊ ဈေးများရှိ လက်လီ/လက္ကားဆိုင်စုစုပေါင်း (၁၅၂) ဆိုင်သို့ခွဲတမ်းများဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့ပါသည်။ ထိုသို့ရောင်းချပေးရာတွင် ပထမအကြိမ်နှင့် ဒုတိယအကြိမ်တွင် စားအုန်းဆီ ၁ ပိဿာလျင် ၄၅၅၀ ကျပ်ဖြင့်လည်းကောင်း တတိယအကြိမ်တွင် စားအုန်းဆီ ၁ ပိဿာ   လျင် ၄၉၇၀ ကျပ်ဖြင့်လည်းကောင်း စားသုံးသူပြည်သူများအဆင်ပြေစေရန် သက်သာသောဈေးနှုန်း များဖြင့် ရောင်းချပေးခဲ့ပါသည်။

       ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ကြီးကြပ်၍ (၄/၂၀၂၂) နှင့် (၅/၂၀၂၂) အကြိမ်မြောက် စားအုန်းဆီခွဲတမ်းများ ထပ်မံထွက်ရှိသော်လည်း ရန်ကုန်မြို့နေ ပြည်သူများ စားသုံးဆီလောက်ငှမှု ရှိစေရန်ရည်ရွယ်၍  နယ်မြို့များသို့ခွဲဝေပေးမှု ခေတ္တရပ်ဆိုင်း ထားပြီး မတ်လ ၂၀ ရက်နောက်ပိုင်းတွင် နယ်မြို့များသို့စားအုန်းဆီခွဲတမ်းများ ဆက်လက်ပေးသွား မည်ဖြစ်ကြောင်း ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးထံမှ ဆွေးနွေး မေးမြန်းချက်များအရ သိရှိရပါသည်။

DOCA(စစ်ကိုင်း)