Main menu

ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှု ဌာနစု(လှည်းကူး)ရှိ ဓာတ်ခွဲခန်း အလိုက် အောက်တိုဘာလအတွင်း ဓာတ်ခွဲစမ်းသပ်ဆောင်ရွက်ခဲ့မှု အခြေအနေ

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (လှည်းကူး) ၏ ဓာတ်ခွဲခန်းများမှ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအတွင်း လုပ်ငန်းရှင်ပေါင်း(၂၉)ဦးက အပ်နှံလာ သော သီးနှံအမျိုးအစား(၁၁)မျိုး၊ စုစုပေါင်းနမူနာအရေအတွက် (၆၇) ခု၊ ဓာတ်ခွဲစမ်းသပ်မှုပေါင်း (၁၈၃) ခုကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။

     ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအတွင်း လယ်ယာထွက်ကုန်ပို့ကုန်များအား ဒေသတွင်း နိုင်ငံများအပါအဝင် ဂျပန်နိုင်ငံ၊ နယ်သာလန်နိုင်ငံများသို့ တင်ပို့နိုင်ရေးအတွက် နှမ်းနက်(သိပ္ပံ)၊ နှမ်းနက်(ရိုးရိုး)၊ ပဲတီစိမ်း၊ ထောပတ်ပဲ၊ နေကြာစေ့၊ မတ်ပဲ၊ ပဲမှုန့်၊ ပြောင်းဖူးစေ့၊ ဆန်ဖြူနှင့် ဆန်ကွဲ တို့၏ ဓာတု အရည်အသွေး၊ ရူပ အရည်အသွေး၊ ပိုးသတ်ဆေးကြွင်းပါရှိမှု၊ မှိုဆိပ်ပါရှိမှုစသည့် ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းကိုလည်းကောင်း၊ ပြည်ပနိုင်ငံများမှ တင်သွင်းလာသည့် စားအုန်းဆီ များ၏ အရည်အသွေးများကိုလည်းကောင်း ဓာတ်ခွဲစမ်းသပ်ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

    ဓာတ်ခွဲခန်းအလိုက် ဓာတ်ခွဲစမ်းသပ်မှုအနေဖြင့် ပိုးသတ်ဆေးကြွင်းဆိုင်ရာ ဓာတ်ခွဲခန်းမှ ဓာတ်ခွဲစမ်းသပ်မှု (၁၂) ခု၊  မှိုဆိပ်ဆိုင်ရာဓာတ်ခွဲခန်းမှ ဓာတ်ခွဲစမ်းသပ်မှု (၂၆) ခု၊ ဆီနှင့်ဆီထွက် သီးနှံဓာတ်ခွဲခန်းမှ ဓာတ်ခွဲစမ်းသပ်မှု (၁၂၅) ခု၊ သီးနှံ(ဓာတု)ဆိုင်ရာ ဓာတ်ခွဲခန်းမှ ဓာတ်ခွဲစမ်းသပ် မှု (၁၇)ခုနှင့် သီးနှံ(ရူပ)ဓာတ်ခွဲခန်းမှ ဓာတ်ခွဲစမ်းသပ်မှု (၃)ခု၊ စုစုပေါင်း ဓာတ်ခွဲစမ်းသပ်မှု (၁၈၃) ခု ဆောင်ရွက်နိုင်ခဲ့ပါသည်။