
၂၀၂၅ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၉:၀၀ အချိန်တွင် ကော့သောင်းမြို့နယ် ကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဝင်များဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ န၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များနှင့်အတူ ကော့သောင်းမြို့ပေါ်ရှိ သတ်မှတ်ရည်ညွှန်းစျေးနှုန်းဖြင့် စားအုန်းဆီ လက်လီအရောင်းဆိုင်များတွင် စားအုန်းဆီများအား သတ်မှတ်ထားသည့် စျေးနှုန်းထက်မြှင့်တင်ရောင်းချခြင်း ၊ စျေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ အလေးချိန်တွယ်မှန်ကန်ခြင်း ရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါ ကြောင်း သိရှိရပါ သည်။
DOCA(တနင်္သာရီ)
