Main menu

ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

Powered by Drupal

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ကန့်ဘလူမြို့နယ် တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ၂၄.၁၀.၂၀၂၅ ရက်နေ့ နံနက် (၀၉:၃၀)နာရီအချိန်တွင် ကန့်ဘလူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန “တေဇ”အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ခရိုင်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ လုပ်ငန်းညှိနှိုင်းအစည်း အဝေးနှင့် လုံခြုံရေးနှင့်သတင်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

          အဆိုပါ အစည်းအဝေးတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦး ကအဖွင့်အမှာစကားပြောကြားရာ သက်ဆိုင်ရာဌာနများအနေဖြင့် လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်သွားကြရန်၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် အထက် ဌာန၏ လမ်းညွှန်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း၊ ဆက်လက်၍ တာဝန်ခံဦးမျိုးဝင်းသန်းက စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း၊ တက်ရောက်လာသည့် ဌာနဆိုင်ရာများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို အသီးသီးဆွေးနွေးတင်ပြခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းပေးခဲ့ပြီး အစည်းအဝေးအား နံနက်(၁၁း၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)