Main menu

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် ဌာနဆိုင်ရာများနှင့် ကျောင်းသား/သူ များအား ၁၇.၁၁.၂၀၂၅ ရက်နေ့ နံနက်(၁၀)နာရီအချိန် တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။

          ဟောပြောရာတွင် ပန်းတနော်မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်က ကျောင်းသား/ကျောင်းသူ (၁၅၀)ဦးအား စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းကို ရှင်းလင်းဟောပြောခြင်း စားသုံးသူပြည်သူ များ  ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ စားသုံးသူ အခွင့်အရေး အပြည့်အဝရရှိစေရေးနှင့် ကုန်စည်ဝန်ဆောင်မှု များအပေါ်တွင် နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးနှင့် ဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်​ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်နှင့် စားသုံးသူ၏ တာဝန်များအကြောင်းကို အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး စားသုံးသူအခွင့်အရေး (၈) ချက်နှင့် လိုက်နာဆုံးရှုံးမှုများကို မိမိဌာနသို့တိုင်ကြားနိုင်ပါကြောင်းနှင့် လိမ်လည်တိုင်ကြားမှုမပြုကြရန်၊ OnLine မှ လိမ်လည်မှုများကို အထူးသတိပြုကြစေရန်နှင့် OnLine Shopping ရောင်းချနေသူများကို စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ကုန်သွယ်ရေးဦးစီးဌာနတွင် မှတ်ပုံတင်ပြီး ရောင်းချခွင့်ပြုပေးထားပါကြောင်း၊ တိုင်းကြားနိုင်သည့် Wetsite, Application နှင့် CICC  ဖုန်းနံပါတ်များကို အသိပေးပြောကြားခဲ့ကြောင်း သိရှိရသည်။

DOCA(ဧရာဝတီ)