
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင် ညောင်တုန်းမြို့နယ် တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၁၅-၁၁-၂၀၂၅)ရက်နေ့၊ နံနက် (၁၀)နာရီအချိန်တွင် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ် ကျန်းမာရေးဦးစီး ဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ ပူးပေါင်း၍ ညောင်တုန်းမြို့နယ် ၃ရပ်ကွက် ၊ ၄ရပ်ကွက်နှင့် ၅ရပ်ကွက်အတွင်းရှိ ကလေးအသုံးအဆောင်ပစ္စည်းအမျိုးမျိုး ရောင်းချသည့် ဆိုင်း ၁၂ ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာ၌ စစ်ဆေးရေား တာဝန်ရှိသူများ ဒေါ်ချိုမီဇင် စစ်ဆေးရေးအရာရှိက ကလေးအသုံး အဆောင်ပစ္စည်းအမျိုးမျိုးတွင် ဘေးအန္တရာယ်ကင်းရှင်းရေး စံနှုန်းကောင်းမွန်သော ကုန်စည်ကို ရောင်းချရန်၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များကို ရောင်းချခြင်းမပြုရန်၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက် မှတ်ပုံတင်ပြုလုပ်၍ စနစ်တကျဖြန့်ဖြူး ရောင်းဝယ်မှု ပြုလုပ်ရန်၊ တရားမဝင်ကုန်စည်များ ဈေးကွက်အတွင်းရောင်းချခြင်းမပြုရန်တို့ကို အသိပညာပေးခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
DOCA(ဧရာဝတီ)
