Main menu

 “သုံးခွမြို့နယ်အတွင်းဆန်လက်လီလက်ကားရောင်းချသောဆိုင်များသို့ကွင်းဆင်းစစ်ဆေး”

Powered by Drupal

              ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ဆန်လက်လီလက်ကား ရောင်းချသောဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ နိုဝင်ဘာလ(၁၈)ရက်နေ့၊ နေ့လည်(၁၃:၃၀)နာရီ အချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

             အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ဆန်လက်လီ လက်ကား‌ရောင်းချသောဆိုင်များဖြစ်သည့် ဧရာမင်းဆန်င်၊ ကျော်ဆန်ဆိုင်၊ ငြိမ်းချမ်းဆန်ဆိုင်နှင့် မွှေးဆန်ဆိုင်များသို့ ဆန်ကြမ်း၊ ဆန်ချော ဈေးနှုန်းအခြေအနေများ၊ဝယ်ယူရောင်းချမှု အခြေအနေ များအား စာရင်းကောက်ယူခြင်း ဆန်ဆိုင်လုပ်ငန်းရှင်များအား ဆန်ဈေးနှုန်းများတည်ငြိမ်စေရေး၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်များအား သိုလှောင်ထားပြီး ဈေးနှုန်းမြှင့်တင်‌ရောင်းချမှု မရှိစေရေး၊ ဈေးနှုန်းမှန်ကန်စေရေး၊ ဆန်များပြတ်လပ်မှုမရှိစေရေး အသိပညာပေးခြင်း၊ ထို့ပြင် မသမာသောနည်းဖြင့် ဆန်များအား သိုလှောင်ထားပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မပြုလုပ်ကြရန်၊ ထိုသို့ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)