Main menu

တနင်္သာရီတိုင်းဒေသကြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံခြင်း

Powered by Drupal

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်​ထောင်စုဝန်ကြီးသည် ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်နေ့ နံနက် (၁၀:၀၀)  နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနရှိ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပါသည်။

       ထိုသို့လာရောက်တွေ့ဆုံရာတွင် တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ရုံးအတွင်းအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ဝန်ထမ်းများနှင့်တစ်ဦးချင်းမိတ်ဆက်ပြီး ဝန်ထမ်းများ၏ အခြေအနေ၊ ဝန်ထမ်းများတွေ့ကြုံရသောအခက်အခဲပြဿနာများနှင့် လိုအပ်ချက်များကိုတစ်ဦးချင်းမေး မြန်းပြီး၊ တိုင်းဒေသကြီးဦးစီးစီးမှူးမှဌာန၏ လိုအပ်ချက်များကိုတင်ပြခဲ့ရာဝန်ကြီးမှ လိုအပ်သည်များ ကို ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြာင်း ပြောကြားခဲ့ပါသည်။ ထို့နောက်ဝန်ကြီးမှ ဝန်ထမ်းကောင်းဖြစ်လာစေရန်“ စီးပွားရေးကိုတာဝန်ယူရသည့်ဌာနဖြစ်၍ တိုင်းဒေသကြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ကုန်သွယ်မှုကဏ္ဍတိုးတက်အောင် ဝိုင်းဝန်ဆောင်ရွက်ကြရန်၊ ဝန်ထမ်းများစည်းလုံး ညီညွှတ်စွာဖြင့် နိုင်ငံဝန်ထမ်းကျင့်ဝတ်နှင့်အညီနေထိုင်လုပ်ကိုင် ဆောင်ရွက်ကြရန်နှင့် တစ်ဦးချင်း အရည်အသွေးတိုးတက်အောင် လေ့လာသင်ယူကြရန်” လမ်းညွှန်မှာကြားခဲ့ပြီး  နံနက်(၁၁:၀၀)ခန့် တွင် ပြန်လည်ထွက်ခွာခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(တနင်္သာရီ)