စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် ဝန်ထမ်းများ အသိပညာဗဟုသုတရရှိစေရန်နှင့် စွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်၍ Thursday talk ကို (၂)ပတ် တစ်ကြိမ် ပြုလုပ်လျက်ရှိပါသည်။
၃-၁၀-၂၀၂၂ရက်နေ့တွင် ကျင်းပသည့် Thursday Talk အခမ်းအနား၌ ဒေါ်အေးမြင့်ငြိမ်း (ဦးစီးအရာရှိ)က ရုံးလုပ်ငန်းဆိုင်ရာသိကောင်းစရာခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့ပါသည်။ ထိုသို့ဆွေးနွေးပြောကြားရာတွင် ရုံးလုပ်ငန်း၏သဘောတရားနှင့် ရည်ရွယ်ချက်၊ ရုံးလုပ်ငန်းအဓိပ္ပါယ်၊ ပြီးပြည့်စုံသောရုံးလုပ်ငန်း၊ စနစ်နှင့် စည်းကမ်း၊ ဝင်စာများကိုအရေးယူဆောင်ရွက်ခြင်း၊ ထွက်စာများကိုအရေးယူဆောင်ရွက်ခြင်း၊၊ စာရွက် စာတမ်းများ လုံခြုံစွာကိုင်တွယ်ထိန်းသိမ်းခြင်း၊ ရုံးစာရေးသားနည်းနှင့် အစည်းအဝေးမှတ်တမ်း ရေးသားနည်းများ အကြောင်း အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် ဝန်ထမ်းများ၏ သိရှိလိုသည့် မေးမြန်းချက်များအပေါ် ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနား၌ ဝန်ထမ်းအင်အား ( ၃၇) ဦးခန့်တက်ရောက်ခဲ့ပြီး နေ့လယ် ( ၃း၄၅ ) အချိန်တွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)