Main menu

ထုတ်လုပ်မှုနည်းပညာ  သင်တန်းဆင်းပွဲ အခမ်းအနားတွင် အသိပညာပေးဟောပြော

Powered by Drupal

        စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ၊ ကလေးခရိုင်မှ ဝန်ထမ်းများသည် နိုဝင်ဘာလ ( ၈ ) ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် ကလေးမြို့နယ်ရှိ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် ကျင်းပပြုလုပ်သည့် တန်ဖိုးမြှင့်စားသောက်ကုန် Bakery ထုတ်လုပ်မှုနည်းပညာ  သင်တန်းဆင်းပွဲ အခမ်းအနားသို့ သွားရောက်၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

        အသိပညာပေးဟောပြောရာတွင် ဦးစွာပထမ ခရိုင်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဟန်ဝင်းအောင်မှ နှုတ်ခွန်းဆက် စကားပြောကြားပြီး သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ဆက်လက်၍ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ခိုင်ခိုင်ဝင်းမှ  သင်တန်းသား တစ်ဦးအား ကုန်ချောပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ပြီး အဆိုပါသင်တန်းသားမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ ထို့နောက် ကလေးခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းဝင်း (ဦးစီးအရာရှိ)မှ တန်ဖိုးမြှင့်စားသောက်ကုန် Bakeryများကိုပြုလုပ်ရာတွင် အိတ်ခွံပေါ်တွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အချက်အလက်များအားပြည့်စုံစွာ ဖော်ပြပါရှိရမည့် အကြောင်းအရာများ၊ သင်တန်းသားများ သိရှိနားလည်၍ မိမိတို့ဘက်မှ လုပ်ဆောင်ရမည့်အချက်များ အား ဆွေးနွေးပြောကြားခဲ့ပြီး သင်တန်းသားစုစုပေါင်း ( ၂၅ ) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)