
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများ ကုန် စည်ဝန်ဆောင်မှုများ ဝယ်ယူအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်၊ လုံခြုံစိတ်ချရမှု မရှိသော ကုန်စည်များ ဈေးကွက်အတွင်းသို့ မရောက်ရှိစေရန်နှင့် ဈေးကွက်အတွင်းမှ ပပျောက်သွားစေရန် စသည့်ရည်ရွယ်ချင်များဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ အင်ကြင်းမြိုင်ရပ်ကွက်ရှိ“ပေါ်ဦး”သောက်ရေသန့်စက်ရုံလုပ်ငန်းသို့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၂၀)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန မှ ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံတို့ ပူးပေါင်း၍ သွားရောက်ကွင်းဆင်း စစ်ဆေး ခြင်းများဆောင်ရွက်ခဲ့ ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ရေထဲတွင် Oxygen Level ၊ PH Level၊ အစိုင်အခဲပါဝင်မှုအခြေအနေ၊ နောက်ကျိမှုအခြေအနေ နှင့် ဆားပါဝင်မှုအခြေအနေတို့ကို စစ်ဆေးခဲ့ရာ အားလုံးကောင်မွန်ကြောင်း စစ်ဆေးတွေ့ရှိရပြီး မိမိတို့ စားသုံးသူရေးရာဉီးစီးဌာနအနေဖြင့် “ပေါ်ဦး”သောက်ရေသန့်စက်ရုံလုပ်ငန်းမှ ထုတ်လုပ်ဖြန့်ဖြူးသည့် ကုန်စည်အမျိုးအစား၊ အမှတ်တံဆိပ်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင် ကိုက်ညီမှု ရှိ/မရှိ အခြေအနေတို့ကို စစ်ဆေးရာတွင် မိမိတို့ စားသုံးသူရေးရာဦးစီးဌာနအတွင် ကုန်အညွှန်း အမှတ်အသား လျှောက်ထားသည့် သောက် ရေသန့်(၂၀)လီတာဘူးများပေါ်တွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏(၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ထားသည့် သတ်မှတ်ချက်များနှင့်အညီ အသေးစိတ်စိစစ်ချက်များအတိုင်း မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြထားသည်ကို စိစစ်တွေ့ ရှိခဲ့ရပါသည်။ စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များ၊ စားသုံးသူအခွင့်အရေး(၈)ချက်တို့ပါဝင်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေး ခဲ့ကြောင်း သတင်း ရရှိပါသည်။
DOCA(စစ်ကိုင်း)
