Main menu

ပခုက္ကူမြို့၊ အမှတ်(၁၃၄)၊ အခြေခံပညာမူလတန်းကျောင်း၌   Consumer Call Center နှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ  ငွေစာရင်းဌာနခွဲတာဝန်ခံ ဒေါ်တင်တင်မော် နှင့်ဝန်ထမ်းများသည် (၁၃.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၂၅)အချိန်တွင် Consumer Call Center နှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။

    အဆိုပါ ဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စားသုံးသူ ပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်းသည့် သတင်း အချက်အလက်များ၊ စားသုံးသူရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ စုံစမ်းမေးမြန်းရန် တိုင်ကြားနိုင်ရန်နှင့် သိရှိလိုသည်များကို Consumer Call Center (1535)သို့ ရုံးဖွင့်ရက်၊ ရုံးချိန်အတွင်း ခေါ်ဆို မေးမြန်းနိုင်ကြောင်း၊ အသိပညာပေးလျက်ရှိသည့်အပေါ် ပခုက္ကူမြို့၊ အမှတ်(၁၃၄)၊ အခြေခံပညာမူလ တန်းကျောင်းရှိ  Grade-5 ကျောင်းသူ မကေသီဌေးမှ  Consumer Call Center (1535) လိုင်းခွဲ()သို့ ဖုန်းခေါ်ဆို၍ စားသုံးသူအခွင့်အရေးနှင့်တာဝန်အကြောင်းများအား မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)