ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာန များနှင့်အတူ (၈.၁၁.၂၀၂၂) ရက်နေ့ (၀၉:၀၀)နာရီအချိန်တွင် မအူပင် မြို့နယ်ပေါ်ရှိ စတိုးနှင့် ဆေးဆိုင်(၁၀)ဆိုင်မှ ကလေးအဟာရဖြည့်စွက်စာ အမျိုးမျိုးအား ဈေးကွက် စောင့်ကြည့်စစ်ဆေး စစ်ဆေးခဲ့ကြပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင်မအူပင်မြို့ပေါ်ရှိ စတိုးနှင့်ဆေးဆိုင်များတွင် ရောင်းချနေသော ကလေးအဟာရဖြည့်စွပ်စာ အမျိုးမျိုးတွင် ကုန်အညွှန်း အမှတ်အသားများ ပြည်စုံစွာ ဖော်ပြပါဝင်ခြင်း ရှိ/ မရှိကို စစ်ဆေးခဲ့ကြရာတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါဝင်သော ကုန်စည် များကိုသာ စစ်ဆေးတွေ့ရှိခဲ့ကြပါသည်။ကလေးအဟာရဖြည့်စွပ်စာများကို ရောင်းချရာတွင် လည်း ဌာနတို့၏ ထောက်ခံချက်လိုင်စင်ပါဝင်သော ကုန်စည်များကို ဦးစားပေးရောင်းချရန်၊ ရက်လွန်ကုန်စည်များရှိပါကလည်း ကုမ္ပဏီနှင့် ချိတ်ဆက်၍ ပြန်လည်ပေးသွင်းလဲလှယ်ရန်နှင့် မိမိတို့ရောင်းချသော ကုန်စည်(သို့) ဝန်ဆောင်မှုကြောင့် စားသုံးသူဘက်မှ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင် သည့်အတွက် စားသုံးသူနှင့် လုပ်ငန်းရှင်များအကြား စားသုံးသူနစ်နာမှုကို ကုစားခွင့် ပြုနိုင်ရန် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးလျှက်ရှိသောကြောင့် စီးပွားရေးလုပ်ငန်းရှင်တို့ဘက်မှလည်း စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍လိုက်နာရမည့် တာဝန်များကို လေးစားလိုက်နာကြပါရန် ဆွေးနွေးပြီး စားသုံးသူကာကွယ်ရေး(၂၀၁၉) ဥပဒေပါ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းကိုအကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြီး အဟာရဖြည့်စွက်စာများကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)