
စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်သစ္စာဖူး နှင့်ဝန်ထမ်းများသည်( ၂၁.၁၁.၂၀၂၅ )ရက်နေ့၊ နေ့လယ်( ၁၃:၀၀ )နာရီ အချိန်တွင် လွိုင်ကော်မြို့ပေါ် ရှိ “ဆောင်း” အထည်ဆိုင်အား သွားရောက်၍ OnlineSale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာအ ချက်အလက်များ ကိုက်ညီမှုရှိ/မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းနှင့် ပတ်သက်၍ မြေပြင်စစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်ဝတ္တရားများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း( ၁၇ )ရှိ ကုန်စည်( သို့မဟုတ် )ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှုနှင့် ပတ်သက်၍ လည်းကောင်း တရားမဝင်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကယား)
