
စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါအကြောင်းအရာများ၊ Online ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာများနှင့် အခါအားလျော်စွာသတ်မှတ်ပြဌာန်းထုတ်ပြန်ချက်များ ကို စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် စားသုံးသူပြည်သူတစ်ရပ်လုံး သိရှိစေနိုင်ရေးအတွက် နည်းလမ်း ပေါင်းစုံဖြင့် အသိပညာပေးလျက်ရှိရာ(၂၄.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း(ဒု-ဦးစီးမှူး) သည် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းဆိုင်ရာ (My RO)နှင့် ပတ်သက်၍ အသိပညာပေး Talk Show အစီအစဉ်အား ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲ(Talk Show)တွင် မြို့နယ်တာဝန်ခံ က ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းနှင့်ပါတ်သက်၍ ဆွေးနွေးရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ ဆန်စပါးသိုလှောင် မှုလုပ်ငန်းများ၊ သိုလှောင်မှုအခြေအနေများနှင့်နိုင်ငံအနှံ့ရှိ သိုလှောင်ရုံများကို ဒီဂျစ်တယ်နည်းလမ်း ဖြင့်စနစ်တကျမှတ်ပုံတင်နိုင်သည့် မြန်မာဆန်စပါးအွန်လိုင်း(Myanmar Rice Online-My RO )အား အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုပုံစံဖြင့် ဆောင်ရွက်လျက်ရှိသည့်အချက်များ၊ ဆန်စပါးသိုလှောင် ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်အရ စီးပွားရေးလုပ်ငန်းဆောင်ရွက်ရန်အလို့ငှာ ဆန်တန်ချိန်(၂၅)တန်နှင့် အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း(၂၅၀၀)နှင့်အထက် သိုလှောင်ရုံ တစ်မျိုးမျိုးကို ပိုင်ဆိုင်သူ သည် www.myro.com.mm တွင် အမိန့်ထုတ်ပြန်ပြီး(၂)လအတွင်း မှတ်ပုံတင်လျှောက်ထားရမည်ဖြစ် ပြီး မှတ်ပုံတင်လျှောက်ထားပြီးသည့် လုပ်ငန်းရှင်များအနေဖြင့်လည်း အဆိုပါစနစ်တွင် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်လချုပ် Update စာရင်း ရေးသွင်းခြင်းကို လစဉ် လကုန်ပြီး(၇)ရက်အတွင်း ဆောင်ရွက်ရမည့်အချက်များ၊ ရေးသွင်းသည့် ကုန်စည်အရေအတွက်များနှင့်မြေပြင်ရှိ ကုန်အရေအတွက် များလည်း မှန်ကန်မှုရှိရန်နှင့် ဆန်စပါးလုပ်ငန်းလုပ်ကိုင်နေသော သူများအနေဖြင့် သတ်မှတ်ပမာဏများကို သိုလှောင်လုပ်ကိုင်ဆောင်ရွက်ပါက My RO တွင် မှတ်ပုံတင်ရမည်ဖြစ်ပြီး မှတ်ပုံတင်လျှောက် ထားမှုမရှိသည်ကို စိစစ်တွေ့ရှိပါက စီမံခန့်ခွဲမှုပြစ်ဒဏ်များ ချမှတ်ခံရမည်ဖြစ်ပါကြောင်း၊ မှတ်ပုံတင်ပြီး တစ်နှစ်ပြည့်မြောက်ပါက သက်တမ်းတိုးပြန်လည်ဆောင် ရွက်ရမည်ဖြစ်ပါကြောင်းနှင့် ဆန်စပါးသို လှောင်ရုံများမှတ်ပုံတင်ရာတွင် လုပ်ဆောင်ရမည့်လုပ်ငန်း အဆင့်ဆင့်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
DOCA(မန္တလေး)
