Main menu

မုဒုံမြို့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်

Powered by Drupal

    မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၁၀.၁၁.၂၀၂၂ ရက်နေ့တွင် မွန်ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မုဒုံမြို့နယ်၊ မြို့မဈေးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ စောင့်ကြည့်စစ်ဆေးရာ မြို့မဈေးအတွင်း ဆိုင်(၁၅)ဆိုင်တွင်ရောင်းချလျက်ရှိသော အစားအသောက်၊ ဆေးဝါးနှင့်အလှကုန်ပစ္စည်းများအား စစ်ဆေးခဲ့ပြီး သံသယရှိသော ကုန်ပစ္စည်း (၉) မျိုးအား FDA မှ နမူနာဝယ်ယူ၍ စားသုံးရန်သင့်/မသင့်၊ သုံးစွဲရန်သင့်/မသင့် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မွန်)