Main menu

ပုသိမ်မြို့ မြို့တော်ခန်းမတွင် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးထုတ်ကုန်ပြပွဲကျင်းပပြုလုပ်

Powered by Drupal

      ပုသိမ်မြို့ မြို့တော်ခန်းမတွင် ဒေသတွင်းအသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း ထုတ်ကုန်ပြပွဲအခမ်းအနားကို နိုဝင်ဘာလ ၈ရက်နေ့ နေ့လယ် ၁၅:၀၀နာရီ ဖွင့်ပွဲကျင်းပပြု လုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချူပ်ဦးတင်မောင်ဝင်း နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် စီးပွားရေးလုပ် ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

      ပြပွဲတွင် စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းအတွင်းရှိ ဈေးကွက်ဝင်စပါးမျိုးများ၊ သစ်တောဦးစီး ဌာနမှ မြန်အောင်မြို့နယ်နှင့် လေးမျက်နှာမြို့နယ်တို့တွင် စိုက်ပျိုးတည်ထောင်ထားသော စီးပွား ဖြစ်ပုဂ္ဂလိကဝါးစိုက်ခင်းများ အပါအဝင်ခရိုင်(၇)ခရိုင်အတွင်းရှိ မြို့နယ်ပေါင်း(၂၅)မြို့နယ်မှ ဒေသ ထွက်ဆန်စပါးလုပ်ငန်း၊ ဆားလုပ်ငန်း၊ ဆီစက်လုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း၊ လက်မှုလုပ်ငန်း၊ လူသုံးကုန်လုပ်ငန်း၊ နို့ထွက်ပစ္စည်းလုပ်ငန်း၊ ရေထွက်ပစ္စည်းလုပ်ငန်း၊ စပါးခွံလောင်စာတောင့် လုပ်ငန်း၊ ညောင်တုန်းမြို့နယ်ရှိ လျှပ်စစ်စက်ဘီးထုတ်လုပ်မှုလုပ်ငန်းများ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အလိုက် ဒေသထွက်ကုန်ပစ္စည်းများ ပါဝင်ခဲ့ကြောင်း သိရသည်။

      ဧရာဝတီတိုင်ဒေသကြီးအတွင်းရှိ ဒေသထွက်တန်ဖိုးမြှင့် အသေးစား၊ အငယ်စားနှင့် အလတ် စား၊ စီးပွားရေးထွက်ကုန်များပြပွဲနှင့် ဈေးရောင်းပွဲတော်များ ဆက်လက်ပြုလုပ်မည်ဖြစ်ရာ စီးပွား ရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်ကုန်များအတွက် အခွင့်အလမ်းကောင်းများ ရရှိနိုင်သလို ပြည်သူများအနေဖြင့် တစ်နေရာတည်း၌ ဒေသထွက်ကုန်များကို စိတ်ကြိုက်ရွေးချယ် ဝယ်ယူ နိုင်ခြင်း ဈေးနှုန်းသက်သာစွာဝယ်ယူနိုင်ခြင်း စသည့်အပြင် လုပ်ငန်းရှင်များနှင့် စားသုံးသူပြည်သူများအတွက် အကျိုးကျေးဇူးရရှိမည့် MSME အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး ထုတ်ကုန်များပြပွဲနှင့် ဈေးရောင်းပွဲတော်ကိုလည်း အလျင်းသင့်သလို စဉ်ဆက်မပြတ် ကျင်းပခြင်း ဖြင့် မိမိတို့ ဒေသထွက်ကုန်များ ဈေးကွက်ပိုမိုကျယ်ပြန့်လာမှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

DOCA(ဧရာဝတီ)