Main menu

ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်အတွင်း ဆေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်သူအကျိုး မျှော်မှန်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ဦးစီးမှူးရုံးမှ ပုသိမ်မြို့နယ်တာဝန်ခံသည် မြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ် ကွပ်ကဲရေးကော်မတီ နှင့် ပူးပေါင်း၍ (၈.၁၁.၂၀၂၂)ရက်နေ့တွင် ပုသိမ်မြို့ပေါ်အတွင်းရှိ ဆေးဆိုင် များသို့ ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

       ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ပြည်သူများ၏ ကျန်းမာရေးကို ရှေးရှု၍ ဆေးဆိုင်ပိုင်ရှင်များအား စားသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုမရှိရလေအောင် သက်တမ်းလွန် ဆေးဝါးများ ရောင်းချခြင်းမပြုကြရန်နှင့် ဈေးနှုန်းမှန်ကန်စွာရောင်းချစေရေး အသိပညာပေး၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

DOCA(ဧရာဝတီ)