Main menu

လပွတ္တာခရိုင်၊  မော်ကျွန်းမြို့နယ် မြို့မ(အလက)ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊  မော်ကျွန်းမြို့နယ် တာဝန်ခံဦးမင်းဇော်လတ်သည် (၉.၁၁.၂၀၂၂)ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီက မော်ကျွန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ သဘာဘေးစီမံခန့်ခွဲရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မြို့မ(အလက)ကျောင်းတွင် ကျောင်းသား/သူများအား စားသုံးသူအသိပညာပေး ဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ဟောပြောပွဲပြုလုပ်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးမင်းဇော် လတ်မှ ဟောပြောပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက်နှင့် မိမိတို့ဌာနမှလက်ရှိဆောင်ရွက်နေသော လုပ် ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားပြီး၊စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉ ပါစားသုံးသူ ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေအခန်း(၁၈)ပါကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့်(ဂ) တို့ပါ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်း ကုန်ဆုံး သည့်ရက်စွဲများ ထုတ်လုပ်မှုအမှတ်စဉ်၊ ဘေးထွက်ဆိုးကျိုး(သို့) ဓါတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များကို ကျောင်းသား/သူများ သိရှိသဘောပေါက်လွယ်သော ဟောပြောခြင်းဖြင့် ဟောပြောဆွေးနွေးခဲ့ပြီး ကျောင်းမုန့်ဈေးတန်းစားသုံးသူရေးရာအဖွဲ့ဖြင့် ကျောင်းမုန့်ဈေး တန်းတွင်ရောင်းချနေသော မုန့်ဆိုင်ပိုင်ရှင်များသို့ စားသုံးသူကာကွယ်ရေး ဥပဒေများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ သက်တမ်းလွန်နေသောအစားအသောက်များ ရောင်းချ ခြင်းမပြုရန် မုန့်ဆိုင်ပိုင်ရှင်များသို့မှာကြားခဲ့ပါသည်။ စားသုံးသူကာကွယ်ရေး ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/သူ(၇၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)