စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူး ဦးဆောင်၍ ( ၁၀.၁၁.၂၀၂၂ ) ရက်နေ့တွင် ခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတာဝန်ရှိသူများ၊ ဆရာ/ဆရာမများ ပူးပေါင်း၍ ကလေးမြို့၊ အောင်မြေမာန်ရပ်ကွက်ရှိ အထက ( ၁ ) ကျောင်းဝင်း အတွင်းရောင်းချနေသည့် ကျောင်းမုန့်ဈေးတန်းအား သွားရောက်စစ်ဆေးခဲ့ကြပါသည်။
ထိုသို့စစ်ဆေးရာ ကျောင်းမုန့်ဈေးတန်း၌ ရောင်းချနေသောမုန့်များတွင် ကုန်ညွှန်းအမှတ် အသားများ ပြည့်စုံစွာပါဝင်ခြင်း ရှိ/ မရှိ၊ သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသော စားသုံးရန်မသင့် အစားအသောက်များ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပါသည်။
ထို့နောက် ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဓါတ်ခွဲစစ်ဆေးခဲ့သော အစားအသောက်နမူနာများအနက်မှ စားသုံးရန်မသင့်ဟု ထုတ်ပြန်ထားသော စားသုံးရန်မသင့် အစားအသောက်များနှင့်ပတ်သက်၍ နမူနာပုံစံများနှင့်အတူ ရှင်းလင်းပြောကြားခဲ့ပြီး ရောင်းချရန် မသင့်သည့် အစားအသောက်များအား ဝယ်ယူရောင်းချခြင်းမပြုလုပ်ကြရန် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)