Main menu

အင်းတော်မြို့ရှိ မြတ်ကုန်စုံဆိုင်သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကြည်နိုင်ဦးနှင့် ဌာနမှဝန်ထမ်းများသည် ဌာန၏ ရည်မှန်းချက်တစ်ခုဖြစ်သည် စားသုံးသူများ လုံခြုံစိတ်ချရသော ကုန်စည်များ သုံးစွဲနိုင်ရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းအား ၂၀၂၂-ခုနှစ် နိုဝင်ဘာလ(၁၀)ရက် နေ့တွင် အင်းတော်မြို့၊ မြို့မစည်ပင်သာယာဈေးရှိ မြတ်ကုန်စုံဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။

          အဆိုပါ ကုန်စုံဆိုင်သို့ စစ်ဆေးရာတွင် အဓိကအနေဖြင့် ဟင်းခတ်အချိုမှုန့် ဖြစ်သည့် AJI-NO-MOTO အမှတ်တံဆိပ်အချိုမှုန့်အား စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ဥပဒေပြဌာန်းချက်များနှင့်အညီ ကိုက်ညီမှုရှိ/မရှိ အဓိကထား စစ်ဆေးခဲ့ပြီး AJI-NO-MOTO အမှတ်တံဆိပ် ဟင်းခတ်အချိုမှုန့်မှာ ထိုင်းနိုင်ငံမှထုတ်လုပ်ပြီး ပြည်တွင်းသို့ တင်သွင်းသော ကုန်စည်ဖြစ်သည့်အတွက် ဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုနှင့် ကိုက်ညီမှုရှိသည်ကို တွေ့ရှိရကြောင်း၊ ဆက်လက်၍ သက်တမ်းကုန်ဆုံးသည့် ကုန်စည်များ၊ FDA မှ တရားဝင် ထုတ်ပြန်ထားသော တားမြစ်ကုန်စည်များအား ရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။        

DOCA(စစ်ကိုင်း)