စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဉီးစီးဌာန၊ မော်လိုက်မြို့နယ် ဒု-ခရိုင်ဦးစီးမှူး ဉီးကျော်ကျော်မိုးနှင့် ဝန်ထမ်းများသည် နိုဝင်ဘာလ ( ၉ ) ရက် နံနက် ( ၁၀:၀၀ ) နာရီအချိန်တွင် မော်လိုက်မြို့နယ်၊ ကျောင်းမြောက်ရပ်ကွက်ရှိ နုမ္မဒါသောက်ရေသန့် ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းရှင် ဦးမြင့်စိုးနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ရေသန့်လုပ်ငန်းရှင် ဦးမြင့်စိုးနှင့် တွေ့ဆုံဆွေးနွေးရာတွင် ဉီးကျော်ကျော်မိုး (ဒု-ခရိုင်ဉီးစီးမှူး) က စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များဖြစ်သည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏ အာမခံချက်၊ သတ်မှတ်ချက်များနှင့် စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ စီးပွားရေးလုပ်ကိုင်ရာတွင် စီးပွားရေးလုပ်ငန်းရှင်များ၏ကျင့်ဝတ်၊ စည်းကမ်းချက်များနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ လုပ်ကိုင်ဆောင်ရွက်ခြင်း၊ မိမိတို့လုပ်ငန်း လုပ်ဆောင်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းသုံးလိုင်စင်များ ပြည့်စုံမှုရှိ/မရှိ၊ သောက်ရေသန့်ဗူးပေါ်တွင် မြန်မာဘာသာကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ရေးသားဖော်ပြထားရှိမှုများရှိ/မရှိ စားသုံးသူများ ဝယ်ယူသောက်သုံးရာတွင် ဘေးဥပါဒ်အန္တရာယ် ကင်းရှင်းစွာ ထုတ်လုပ်ရောင်းချနေမှု လုပ်ငန်းစဉ်များနှင့် သက်ဆိုင်သည့် အချက်အလက်များအား ဆွေးနွေးပြောကြားခဲ့ပါသည်။ နုမ္မဒါသောက်ရေသန့်လုပ်ငန်းရှင်ဦးမြင့်စိုးမှ အထက်ပါ ဆွေးနွေးချက်များအား သိရှိလိုက်နာဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)