Main menu

မုံရွာမြို့၊ သလ္လာရပ်ကွက်ရှိ ပြည်သူများသို့ “တင်ဝင်း” စားအုန်းဆီ ရောင်းဝယ်ရေးမှ ဈေးကားဖြင့် စားအုန်းဆီများ ရောင်းချပေးနေမှုအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင် ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၁)ဦးတို့သည် (၁၁.၁၁.၂၀၂၂) ရက်နေ့ မနက်(၉:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ သလ္လာရပ်ကွက်ရှိ ပြည်သူများသို့ “တင်ဝင်း” စားအုန်းဆီရောင်းဝယ်ရေးမှ ဈေးကားဖြင့် စားအုန်းဆီတစ်ပိဿာလျှင် (၅၄၀၀)ကျပ်နှုန်း ဖြင့် ရောင်းချပေးမှုကို ကွင်းဆင်းစိစစ် ကြပ်မတ်ခဲ့ပါသည်။

        ထိုသို့ရောင်းချရာတွင် လူတန်းစေ့ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ လာရောက်ဝယ်ယူကြသော အိမ်ထောင်စုများအား တုံကင်နံပါတ်များပေး၍ စောင့်ဆိုင်းစေခြင်း ၊ စနစ်တကျတန်းစီစေခြင်း၊ လူတစ်ဦးလျှင် (၁)ပိဿာနှုန်း တန်းတူညီမျှ ရောင်းချပေးနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)