Main menu

ချောက်မြို့နယ်၊ ဂွေးချိုကျေးရွာ၌ အာလူးကြော်နှင့် မြေပဲဆားလှော်လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းပေးရေး အသိပညာပေး

Powered by Drupal

        မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ချောက်မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးနှင့် ဒေါ်ချိုဝေလွင်(ဒု-ဦးစီးမှူး)တို့သည် (၉.၁၁.၂၀၂၂) ရက်နေ့ (၁၁း၀၀)နာရီတွင် ချောက်မြို့နယ်၊ ဂွေးချို ကျေးရွာ၌ သီရိလှိုင် အမှတ်တံဆိပ် အာလူးကြော်နှင့် မြေပဲဆားလှော်လုပ်ငန်းရှင် ဒေါ်မြတင်သို့ သွားရောက်တွေ့ဆုံပြီး  စားသုံးသူကာကွယ်ရေးဥပဒေ -၂၀၁၉ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ပါဝင်စေရေးအတွက် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

         သီရိလှိုင် မုန့်မျိုးစုံရောင်းချသည့် ဆိုင်သည် ချောက်-ဂွေးချိုကားလမ်းဘေးတွင် တည်ရှိပြီး ချောက်-မကွေး၊ ချောက်-မန္တလေး၊ ‌ချောက်-ရန်ကုန်၊ ချောက်-မူဆယ်၊ ညောင်ဦး-ရန်ကုန်၊ ‌ညောင်ဦး-မန္တလေး၊ ခရီးသည် တင်ကားများမှ ရပ်နားပြီး ဒေသထွက်လက်ဆောင်မုန့်များ ဝယ်ယူကြကြောင်း တွေ့ရှိရပါသည်။ သီရိလှိုင်အမှတ်တံဆိပ် အာလူးကြော်နှင့် မြေပဲဆားလှော်တို့အား ကိုယ်တိုင်ထုတ်လုပ် ရောင်းချပြီး ဒေသထွက်မုန့်/ အစားအစာများဖြစ်သော ထန်း     လျှက်၊ ပုန်းရည်၊ ပါပလာ၊ ဆီးတော်ဖီ၊ မကျည်းတော်ဖီ၊ ဆီး/ မကျည်းဖျော်ရည်ပုလင်းများ၊ မြေပဲယို၊ ပဲပူးကြော်များပါ ဆိုင်တင်ရောင်းချကြောင်း သိရှိရပါသည်။

         ချောက်မြို့နယ်တာဝန်ခံဒေါ်မြတ်မြတ်မိုးမှ လုပ်ငန်းရှင် ဒေါ်မြတင်အား စားသုံးသူကာကွယ်ရေး ဥပဒေ-၂၀၁၉ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြပေးရေး နှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်/တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆိုင်တင်ရောင်းချသည့် အခြားကုန်စည်များကိုလည်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံသည့် ကုန်စည်များသာ ဆိုင်တင်ရောင်းချရန် အသိပညာ‌ပေး ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)