Main menu

ချောက်မြို့နယ်၌ စက်သုံးဆီဆိုင်များအားရှောင်တခင်စစ်ဆေးခြင်း

Powered by Drupal

         စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ စက်သုံးဆီရည်ညွှန်းလက်ကားစျေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေး လျှက်ရှိပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ မကွေး/ချောက်ခရိုင်အတွင်းရှိ ဝန်ထမ်းများသည် စက်သုံးဆီ ဆိုင်များအား စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ထားသော စက်သုံးဆီ ရည်ညွှန်းစျေးနှုန်းများအတိုင်း ရောင်းချမှု ရှိ/မရှိ နေ့စဉ်စိစစ်ကြပ်မတ်လျှက်ရှိပါသည်။

              ‌‌ချောက်မြို့နယ်တာဝန်ခံ ဒေါ်ြမတ်မြတ်မိုးနှင့် ဒေါ်ချိုဝေလွင် (ဒု-ဦးစီးမှူး) တို့သည် (၉.၁၁.၂၀၂၂)ရက်နေ့ နံနက်(၀၉:၀၀)နာရီတွင် ‌ချောက်မြို့နယ် ဂွေးချိုကျေးရွာ၌ စက်သုံးဆီဆိုင် (၆)ဆိုင်အား ရှောင်တခင်ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။ ချောက်မြို့နယ်တွင် စက်သုံးဆီဆိုင် (၁၈)ဆိုင်ရှိပြီး (၁၅)ဆိုင်မှာ ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပါသည်။ (၉.၁၁.၂၀၂၂)ရက်နေ့တွင် ရောင်းချ နေသော စက်သုံးဆီစျေးနှုန်းများမှာ ဒီဇယ်(ရိုးရိုး) (၁)လီတာ ကျပ်(၂၆၉၀)၊ ဒီဇယ် (ပရီမီယံ) (၁)လီတာ ကျပ်(၂၇၇၀)၊ 92 (၁)လီတာ ကျပ်(၂၁၈၅)နှင့် 95 (၁)လီတာလျှင် ကျပ်(၂၃၀၀)ဖြစ်ရာ စက်သုံးဆီတင်သွင်း/ သိုလှောင်/ဖြန့်ဖြူးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီမှ ထုတ်ပြန်ထားသည့် ဈေးနှုန်းများအတိုင်း ဖြစ်ကြောင်းနှင့် သတ်မှတ်ထားသော အခြားစည်းကမ်းချက်များကိုလည်း လိုက်နာဆောင်ရွက်လျက်ရှိပါကြောင်းသိရှိရပါသည်။

DOCA(မကွေး)