Main menu

လွိုင်ကော်မြို့ပေါ်ရှိဓာတ်မြေဩဇာဆိုင်များသို့ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေး

Powered by Drupal

    ကယားပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၁၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့ဈေးပိုင်းရပ်ကွက်၊ မင်္ဂလာရပ်ကွက်နှင့် ရွှေတောင်ရပ်ကွက်ရှိ စိုက်ပျိုးရေးသုံးပစ္စည်း ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဆိုင်များသို့ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူရေးရာကော်မရှင်ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/ မရှိမြို့နယ် ရဲတပ်ဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးတို့ဖြင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စိုက်ပျိုးရေးသုံးပစ္စည်းဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေး ရောင်းချသောဆိုင်ပိုင်ရှင်များအားသက်ဆိုင်ရာဌာနကတားမြစ်ပိတ်ပင်ထားသော ဓါတ်မြေဩဇာ နှင့်ပိုးသတ်ဆေးများရောင်းချခြင်းမပြုရန်၊ တရားဝင်မှတ်ပုံတင်ထားသောဓါတ်မြေဩဇာနှင့်ပိုး သတ်ဆေးများတင်သွင်းရောင်းချရန်၊ စိုက်ပျိုးသူတောင်သူများ ဘေးကင်းလုံခြုံမှုရှိစေရန် သုံးစွဲပုံအညွှန်းကိုမြန်မာစာဖြင့် တိတိကျကျဖော်ပြထားသော ဓါတ်မြေဩဇာနှင့်ပိုးသတ်ဆေး များကိုသာရောင်းချကြရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်ကုန်စည်နှင့်သက်ဆိုင်သည့် ကုန် အညွှန်းအမှတ်အသားတွင်ဖော်ပြထားသည့်အချက်အလက်များနှင့် ကိုက်ညီမှုမရှိသော ကုန်စည် များကိုရောင်းချခြင်းနှင့်  ကုန်သွယ်ခြင်းမပြုကြရန် လိုအပ်ကြောင်း၊ သတ်မှတ်ချက်နှင့်မကိုက်ညီသော ဓါတ်မြေဩဇာနှင့်ပိုးသတ်ဆေးများ ဈေးကွက်အတွင်းတွေ့ရှိပါက စိုက်ပျိုးရေးဦးစီး ဌာန၏ဥပဒေအရသော်လည်းကောင်း စားသုံးသူကာကွယ်ရေး ဥပဒေအရသော်လည်းကောင်း အရေးယူခံရနိုင်ကြောင်းအသိပညာ ပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)