Main menu

“ကော့မှူးမြို့နယ်၌ နေကြာစိုက်တောင်သူများသို့ ယူရီးယားမြေဩဇာဖြန့်ဖြူးရောင်းချပေး”

Powered by Drupal

        ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းရာသီ ဆီထွက်သီးနှံနေကြာစိုက်ပျိုးမည့် တောင်သူများအား ယူရီးယားမြေဩဇာဖြန့်ဖြူးရောင်းချ‌ပေးခြင်းအား နိုဝင်ဘာလ ၃ ရက် နံနက်၈နာရီ မှစ၍ ရန်ကုန် တိုင်းဒေသကြီး၊ တွံတေးခရိုင် ကော့မှူးမြို့နယ်စိုက်ပျိုးရေးသိုလှောင်ရုံတွင် ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်၊၊

       အဆိုပါ ယူရီးယားမြေဩဇာဖြန့်ဖြူးရောင်းချ‌ပေးရာတွင် မြို့နယ်ယူရီးယားမြေဩဇာဖြန့်ဖြူး ရောင်းချရေးကော်မတီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်‌‌ရေးမှူး ဦးကျော်ဒေဝမှ ဥက္ကဌအဖြစ်တာဝန်ယူဆောင်ရွက်ပြီး အဖွဲ့ဝင်များဖြစ်သော မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်စီမံကိန်းလျာထားချက်ဧကအား ရာနှုန်းပြည့်စိုက်ပျိုးသွားနိုင်ရန် ဆောင်းရာသီဆီထွက်သီးနှံ နေကြာစိုက်တောင်သူများထံသို့ အချိန်မှီရောက်ရှိနိုင်ရေးအတွက် ယူရီးယားမြေဩဇာများအမြန်ဆုံး ထုတ်ယူ ဖြန့်ဖြူးရောင်းချပေးခဲ့သည်၊၊

        ကော့မှူးမြို့နယ်တွင် နေကြာစိုက်မည့် ရပ်ကွက်ကျေးရွာ ၄၃ ရွာ၊တောင်သူ ၂၇၇ ဦး စိုက်ဧက ၅၄၇ ဧက စိုက်ပျိုးမည့်ဖြစ်ပြီး ယူရီးယားမြေဩဇာ  ၁ ဧက  ၁ အိတ်နှုန်းဖြင့် ၅၄၇ အိတ် ဖြန့်ဖြူး ရောင်းချပေးခဲ့ကြောင်း သိရသည်၊၊

DOCA(ရန်ကုန်)