တနင်္သာရီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးသည် မြိတ်ခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပူးပေါင်း၍ (၁၀.၁၁.၂၀၂၂) ရက်နေ့ ၊နံနက်(၉း၃၀)နာရီအချိန်တွင် မြိတ်မြို့၊ဘုံပျံရပ်၊အမှတ်(၁၁)အခြေခံပညာအလယ်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသူ၊ကျောင်းသားများဘေးအန္တရာယ်ကင်းရှင်းစွာ ရွေးချယ်ဝယ်ယူ စားသောက်နိုင်ရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ စားသုံးသူရေးရာ ဦးစီး ဌာနဖြစ်ပေါ်လာပုံ၊ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူဥပဒေပါ ကုန်အညွှန်းအမှတ်အသားများ၊ သုံးစွဲရန်မသင့်သော စားသောက်ကုန်များ အ ကြောင်းနှင့် ဓါတုဆိုးဆေးနှင့် ဓါတ်တုဆေးများအကြောင်း ထည့်သွင်းပြောကြားပြီး၊ ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှလည်း အစားအသောက်ခွင့်ပြုချက်အား အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီး ဌာနတွင်ပြုလုပ်ပြီး၊ စားသုံးသူရေးရာဦးစီးဌာနမှထုတ်ပြန်ထားသောစားသုံးသူဥပဒေပါ ကုန်အညွှန်းအမှတ်အသားများ၊ အစားအသောက်ခွင့်ပြုချက်အားအသေးစားစက်မှုလက်မှုဦးစီး ဌာန တွင်ပြုလုပ်နိုင်ပြီး၊ စားသုံသူရေးရာဦးစီးဌာန၊ဦးစီးမှူးမှလည်းအစားအသောက်များရွေးချယ်ဝယ်ယူ စားသောက်ရာတွင် မြန်မာဘာသာဖြင့်ဖော်ပြထားသောစားသောက်ကုန်များသာရွေးချယ်ဝယ်ယူရန်၊ စားသုံးသူများနစ်နာထိခိုက်မှုရှိခဲ့ပါက စားသုံးသူရေးရာဦးစီးဌာနသို့တိုင်ကြားရန်၊စားသောက်ကုန်များအား သက်တမ်းကုန်ဆုံရက်ကြည့်ရန်တို့ကိုဟောပြောပို့ချပြီး၊ကျောင်းသူ ကျောင်းသားများ ဘေးအန္တရာယ်ကင်းရှင်းစွာစားသောက်နိုင်ရန် ကျောင်းပတ်ဝန်းကျင်ရှိ မုန့်ဈေးတန်းအား ကွင်းဆင်း စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် သက်တမ်းလွန် စားသောက်ကုန်များနှင့် စားသောက်ရန် မသင့် သောစားသောက်ကုန်များအား စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိသော စားသောက်ကုန်များသာ ရောင်းချရန်နှင့် ဘေးအန္တရာယ်ကင်းသောစားသောက်ကုန်များသာ ရောင်းချရန် ပြော ကြား၍ အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)