ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် အထွေထွေ အုပ်ချုပ်ရေးမှူး၊ စည်ပင်သာယာရေးဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ နိုဝင်ဘာလ (၁၁.၁၁.၂၀၂၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် တောင်ကြီးမြို့ပေါ်ရှိ ကန်သာယာရပ်ကွက်၊ မြစန္ဒာဓာတ်မြေဩဇာဆိုင်(၂)နှင့် ရွှေညောင်မြို့ပေါ်ရှိ မင်္ဂလာရွှေဘိုရပ်ကွက် မြစန္ဒာဓာတ်မြေဩဇာ ဆိုင်(၁)၊ ဆိုင်(၂)ဆိုင်များအား မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းမရှိသော မြင်းပျံအမှတ်တံဆိပ် ဓာတ်မြေဩဇာများကို ဈေးကွက်အတွင်း ရောင်းချခြင်း ရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးရာတွင် မြန်မာဘာသာဖြင့် ရေးသားဖော်ပြခြင်းမရှိသော ဓာတ်မြေဩဇာများကို ရောင်းချခြင်းမရှိကြောင်းနှင့် မြန်မာဘာသာဖြင့် ဖော်ပြထားသည့်ဓာတ်မြေဩဇာများကိုသာ ရောင်းချကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
ထိုနောက် စစ်ဆေးရေးမှူးနှင့်တာဝန်ရှိသူများသည် မြန်မာဘာသာဖြင့် ဖော်ပြထားခြင်း မရှိသော ဓာတ်မြေဩဇာများကို ဈေးကွက်အတွင်းရောင်းချခြင်းမပြုရန်နှင့် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ အရ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန်နှင့် ရောင်းချမှုစစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်နိုင်ကြောင့် ဆိုင်ရှင်အား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
DOCA(ရှမ်း)