မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ အခြေခံလူတန်းစားများ စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဆန်တစ်ပြည်လျှင် ကျပ်(၁၅၀၀) နှုန်းဖြင့် (၁၀.၁၁.၂၀၂၂) ရက်နေ့ နံနက် (၀၉:၃၀)နာရီအချိန်တွင် ချောက်မြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းအတွင်း၌ စျေးနှုန်းချိုသာစွာရောင်းချပေးခဲ့ကြောင်း သိရပါသည်။
ထိုသို့ ရောင်းချပေးရာတွင် ချောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးလွင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ ကြီးကြပ်မှုဖြင့် (၂၄)ပြည်ပါ ဆန်အိတ်(၂၀၀)အား မြို့ပေါ်(၁၅)ရပ်ကွက်ရှိ ပြည်သူများ ဝယ်ယူရလွယ်ကူစေရန် သက်ဆိုင်ရာရပ်ကွက်အလိုက် ရက်ကွက်အုပ်ချုပ်ရေးမှူးများမှ တဆင့် ဆက်လျှက်ဖြန့်ဖြူးရောင်းချပေးလျှက်ရှိပြီး ဆန်တစ်ပြည် ကျပ်(၁၅၀၀)နှုန်းဖြင့် တစ်အိမ်ထောင်လျှင် ဆန်(၂)ပြည်နှုန်း ရောင်းချပေးခဲ့ကြောင်းနှင့် ထိုသို့ရောင်းချရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ချောက်မြို့နယ် တာဝန်ခံဒေါ်မြတ်မြတ်မိုးမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)