ကယားပြည်နယ်၊ လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးအတွင်းသို့ အထူးစုံစမ်းစစ်ဆေးရေးဦးစီး ဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၂၈)ရက်နေ့၊ နံနက်(၈:၃၀)နာရီအချိန်တွင် အခြေခံစားသောက်ကုန်များဈေးနှုန်း မြှင့်တင် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးပြီး အခြေခံစားကုန်ဈေးနှုန်းစာရင်း ကောက်ယူမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပြီး ထိုသို့ ပူးပေါင်းအဖွဲ့ဖြင့် အသား/ငါးတန်းများ စစ်ဆေးဆောင်ရွက်ခဲ့ရာ အသား/ငါးများ ရောင်းချရာတွင် ယင်လုံဇကာများဖြင့် ဖုံးအုပ်ရောင်းချစေရေး၊ လတ်ဆက်သော အသား/ငါးများကိုသာ ရောင်းချစေရေး၊ အသား/ငါးများ ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချမှု မရှိစေရေး၊ စည်ပင်သာယာရေးအဖွဲ့မှ သတ်မှတ်ထားသည့် ဈေးနှုန်းများဖြင့်သာ ရောင်းချစေရေးနှင့် အသား/ငါးများရောင်းချရာတွင်အလေးချိန်မှန်ကန်စွာဖြင့် ရောင်းချကြရန်အသိပညာပေးဆောင်ရွက် ခဲ့ကြောင်းကိုလည်းသိရှိရပါသည်။
ထိုသို့ကွင်းဆင်းကောက်ယူခဲ့ရာ လွိုင်ကော်မြို့တွင်ဖြစ်ပေါ်နေသော အသား၊ ငါးဈေးနှုန်း များမှာ ကြက်(CP)အသားတိုး (၁)ပိဿာလျှင် ၂၄၀၀၀ ကျပ်၊ ကြက်(CP)ဥနှုန်းကျ (၁)ပိဿာ လျှင် ၂၄၀၀၀ ကျပ်၊ ကြက်(ဗမာ) (၁)ပိဿာလျှင် ၃၅၀၀၀ ကျပ်၊ ဝက်သား (၁)ပိဿာလျှင် ၃၅၀၀၀ ကျပ်၊ အမဲသား(၁)ပိဿာလျှင် ၃၅၀၀၀ကျပ်၊ ဆိတ်သား(၁)ပိဿာလျှင် ၆၀၀၀၀ ကျပ်၊ ငါးမြစ်ချင်း (၁)ပိဿာလျှင် ၂၂၀၀၀ ကျပ်၊ ငါးခူ (၁)ပိဿာလျှင် ၂၀၀၀၀ ကျပ်၊ အာပြဲခြောက် (၁)ပိဿာလျှင် ၃၇၀၀၀ ကျပ်၊ ငါးတံခွန် (၁)ပိဿာလျှင် ၁၈၀၀၀ ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း အသားနှင့်ငါးများရောင်းချလျက်ရှိသော ဈေးသည်များထံမှ သိရှိရပါသည်။
DOCA(ကယား)
