Main menu

ကယားပြည်နယ်၊ လွိုင်ကော်မြို့ပေါ်ရှိ “ကောင်းကျော်ဟိန်း” မုန့်ဖိုသို့ ကွင်းဆင်းစစ်ဆေးစစ်ဆေးခဲ့ခြင်း

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ( ၁၂ ) ရက်၊  နံနက်( ၁၀:၀၀ )နာရီ အချိန်တွင် လွိုင်ကော်မြို့အတွင်းရှိ ကိတ်မုန့်၊ ပေါင်မုန့်များ ထုတ်လုပ် ရောင်းချနေသော “ကောင်းကျော်ဟိန်း” မုန့်ဖိုသို့ ဈေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များနှင့် ပတ်သက်၍ သက်ဆို်ငရာမိတ်ဖက်ဌာနများနှင့် ပူးပေါင်းပြီး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကောင်းကျော်ဟိန်း မုန့်ဖို၌ ထုတ်လုပ်ဖြန့်ဖြူးရောင်းချ သည့်မုန့်များတွင်ဖော်ပြထားသော ကုန်အမှတ်တံဆိပ်သည် ကုန်အညွှန်းအမှတ်အသားသတ်မှတ် ချက်များနှင့် ပြည့်စုံမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရ၍ ထုတ်လုပ်သည့်လုပ်ငန်းရှင်အား အသင့်စား မုန့်များဖြစ်သည့် ကိတ်မုန့်၊ ပေါင်မုန့်စသည့်မုန့်များ ထုတ်လုပ်ရောင်းချရာတွင် မြန်မာနိုင်ငံစား သုံးသူကာကွယ်ရေးကော်မရှင်၏( ၂/၂၀၁၉ )ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များအား ထည့်သွင်းဖော်ပြရန်နှင့် ပြန်လည်ပြင်ဆင်ဖြည့်စွက်ပြီးသော ကုန်အညွှန်းအမှတ်အသားဖော်ပြ ချက်များအား စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးသို့ ပြန်လည်တင်ပြသွားရန် အသိပညာပေးကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ကယား)