
အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ကော့သောင်း ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မြသီတာ (ဦးစီးအရာရှိ)သည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက်(၉:၀၀) နာရီ အချိန်တွင် ကော့သောင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုပြုဌာန (Community Center) အခန်းမ၌ Talk Show အစီအစဉ်တွင် အွန်လိုင်းမှတဆင့်ဝယ်ယူခြင်းအကြောင်း အသိပညာပေးခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် ကော့သောင်း ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ အွန်လိုင်းမှတဆင့် ဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ အွန်လိုင်းဖြင့်စျေးဝယ်ယူရာတွင် မိမိဝယ်ယူမည့် Pageနှင့် Wesbite တို့သည် စားသုံးသူများကြား နာမည်သတင်းကောင်းမွန်ခြင်း ရှိ/ မရှိ၊ ဖုန်းနံပါတ်/နေရပ်လိပ်စာ မှန်ကန်မှု ရှိ/မရှိ စိစစ်ရန်နှင့် ငွေပေးချေရာတွင် သတ်မှတ်ထားသော စနစ်ရှိ/မရှိ၊ သတ်မှတ်ထား သည့်ဌာန၊ အဖွဲ့အစည်း များ၏ အထောက်ခံချက် ရှိ/မရှိ စသည်တို့က်ို သေချာစွာသိရှိထားရမည် ဖြစ်ကြောင်းနှင့် ကုန်စည်နှင့်ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲရာတွင် မိမိ၏ကိုယ်ရေးအချက် အလက် များပေးအပ်ရန်လိုအပ်လာပါက ကျိူးကြောင်းခိုင်လုံမှုရှိ/မရှိ သတိထားရမည့် အကြောင်းအရာ များစသည်တို့ကိုအကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့ပါကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
