
၂၀၂၅ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦး စီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်မြသီတာ(ဦးစီးအရာရှိ) သည် ကော့ သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်၊ နို့နှင့်ဒိန်ချဉ်လုပ်ငန်း ဖြန့်ဖြူးရောင်းချနေသည့် စီးပွားရေး လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့်ပတ်သက်၍ ဘေးအန္တရာယ်ကင်းရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ လုပ်ငန်းရှင်များလိုက်နာရမည့်အချက်များအပြင် ကုန်အညွှန်း အမှတ်အသားအဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စျေးကွက်အတွင်းသတ်မှတ်ချက်များနှင့်အညီ ဖြန့်ဖြူး ရောင်းချရန် စသည်တို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
