
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံး သူကာကွယ်ရေးဥပဒေ ပြဌာန်းချက် ပါကုန်အညွှန်း အမှတ်အသားပြည့်စုံစွာထည့်သွင်း ဖော်ပြခြင်းဖြင့် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းပြီး ဈေးကွက် များပိုမို ရရှိစေရန်ရည်ရွယ်၍ လုပ်ငန်းရှင် တွေ့ဆုံခြင်းများကို စဉ်ဆက်မပြတ် ကွင်းဆင်းအသိပညာ ပေးလျက်ရှိပါသည်။
ပခုက္ကူခရိုင်အနေဖြင့် နိုဝင်ဘာလအတွင်း ဒု-ခရိုင်ဦးစီးမှူး၊ စားသုံးသူရေးရာဌာနခွဲ တာဝန်ခံနှင့် ဝန်ထမ်းများသည် ပခုက္ကူမြို့ အမှတ်(၁၁/၁၂/၁၅)ရပ်ကွက်ရှိ ကုလားပဲမှုန့်နှင့် အမှတ် (၁၅)ရပ်ကွက်ရှိ မြေပဲဆုံဆီလုပ်ငန်းရှင်များထံသို့ တွေ့ဆုံမှု(၄)ကြိမ်၊ ဆိပ်ဖြူမြို့နယ်တာဝန်ခံအနေဖြင့် ယောဝရပ်ကွက် ရှိ ပဲကြော်လုပ်ငန်း၊ အနောက်ပိုင်းရပ်ကွက် ရှိကုန်စုံဆိုင်နှင့်စားသုံးဆီ လုပ်ငန်းရှင်များထံသို့ တွေ့ဆုံ မှု(၃)ကြိမ်၊ ဂန့်ဂေါခရိုင်၊ မြို့နယ်တာဝန်ခံအနေဖြင့် စည်ပင်သာယာရပ်ကွက်ရှိ ပဲခွေကြော် လုပ်ငန်းရှင် (၁)ကြိမ်တွေ့ဆုံခဲ့ပြီး ပခုက္ကူခရိုင်(၇)ကြိမ်နှင့် ဂန့်ဂေါခရိုင်(၁)ကြိမ် စုစုပေါင်းလုပ်ငန်းရှင်တွေ့ဆုံ အသိ ပညာ ပေးမှု(၈)ကြိမ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA( မကွေး)
