
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စားသုံးသူများ စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာစေရေး၊ အခွင့်အရေးနှင့်တာဝန်များအား သိရှိပြီး ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ စဉ်ဆက်မပြတ် အသိပညာပေးဆောင်ရွက်လျက်ရှိပါသည်။
ပခုက္ကူခရိုင်အနေဖြင့် နိုဝင်ဘာလအတွင်း ခရိုင်ဦးစီးမှူး လမ်းညွှန်မှုဖြင့် ဒု-ခရိုင်ဦးစီးမှူး၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ ပခုက္ကူမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် အ.မ.က(၉၊ ၁၀၊ ၁၃၄) နှင့် ခန်တော ကျောင်းများ၌ ဆရာ /ဆရာမနှင့် ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ် ရေးအသိပညာပေးခြင်း၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ Talk Show ဖြင့် အသိပညာပေးခြင်း၊ ဆိပ်ဖြူမြို့နယ်အနေဖြင့် မြို့နယ်တာဝန်ခံမှ ရွာသစ်ရပ်ကွက်ရှိ အ.မ.က ကျောင်းတွင် အသိပညာပေးခြင်း၊ ဂန့်ဂေါခရိုင်အနေဖြင့် မြို့နယ်တာဝန်ခံမှ ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ Talk Show ဖြင့် အသိပညာပေးခြင်း၊ ကျောတိုက် ရပ်ကွက်ရှိ အ.လ.က (ခွဲ)ကျောင်းတွင် ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိ ပညာပေးဆွေးနွေးခဲ့ပြီး ပခုက္ကူခရိုင်မှ(၇)ကြိမ်နှင့် ဂန့်ဂေါခရိုင်မှ(၂)ကြိမ်စုစုပေါင်း (၉)ကြိမ် ဆောင်ရွက် ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
