Main menu

တောင်ကြီးမြို့ပေါ်ရှိ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

      ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်း များသည် နိုဝင်ဘာလ (၁၅) ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အမှတ်(၁၁) အခြေခံပညာ အထက်တန်းကျောင်း တောင်ကြီးမြို့၌ ကျောင်းသား/ ကျောင်းသူများ သိသင့်သိထိုက်သော အသိပညာဗဟုသုတများရရှိစေရန်အတွက် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး‌ဟောပြောပွဲ ကျင်းပခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

      ရှေးဦးစွာ တောင်ကြီးမြို့ အမှတ်(၁၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်း အုပ်ဆရာမကြီး ဒေါ်ကျော့ကျော့မေက အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကြီးခရိုင်ဦးစီးမှူးရုံးမှ ဦးခွန်ကျော်ဌေး (လက်ထောက်ညွှန်ကြားရေးမှူး)က စားသုံးသူကာ ကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များ ရှင်းလင်း ပြောကြားပြီး ဒေါ်ထူးအိန္ဒြာဗိုလ် (အကြီးတန်းစာရေး) က စားသုံးသူအဓိပ္ပာယ်၊ စားသုံးသူကာကွယ်ရေး ဥပဒေတွင် ပါရှိသော အခန်း (၉)ပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းအကြောင်းနှင့် စားသုံးသူထိခိုက် နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်မည့် ပုံစံနည်းစနစ်များအကြောင်းကို ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များကို အပြန်အလှန်ဆွေးခဲ့ကြောင်း သိရှိရသည်။

      အဆိုပါ အခမ်းအနားတွင် အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

DOCA(ရှမ်း)