Main menu

ညောင်တုန်းမြို့နယ် ကုန်စည်ဒိုင် ဥက္ကဌနှင့် တွေ့ဆုံ၍ ကုန်စည်ဒိုင်ဖွံ့ဖြိုးတိုးတက်မှုနှင့် ကုန်စည်ဒိုင် လုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းတွေ့ဆုံဆွေးနွေး

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး မှ ခရိုင်ဦးစီးမှူး ဦးဇော်မင်း၊ ညောင်တုန်းမြို့နယ်၊ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် (၁၃.၁၁.၂၂) ရက်နေ့ နံနက် (၁၁:၃၀) နာရီအချိန်တွင် ညောင်တုန်းမြို့နယ် ကုန်စည်ဒိုင်အသင်းရုံးသို့ သွားရောက်၍ ကုန်စည်ဒိုင်ဥက္ကဌနှင့် တွေဆုံပြီး ကုန်စည်ဒိုင်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

        အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းမှ ညောင်တုန်း ကုန်စည်ဒိုင် ဥက္ကဌ ဦးအောင်ရွှေနှင့် ကုန်စည်ဒိုင်အဖွဲ့ဝင်များအား မဲဇလီကျေးရွာ၊ ဧရာဝတီဆန်စက်ဝန် ကုန်စည်ဒိုင်တွင် သွားရောက်တွေ့ဆုံ၍ ကုန်စည်ဒိုင်၏လုပ်ငန်းဆောင်ရွက်မှု များအကြောင်း၊ ကုန်စည်ဒိုင်၏ ကြိုရောင်းကြိုဝယ်ဈေးကွက်အကြောင်း၊ ကုန်စည်ဒိုင်တစ်ခု ဖြစ်ပေါ်ရန် အဓိကလိုအပ်ချက်များအကြောင်း၊ အောင်မြင်သောကုန်စည်ဒိုင်တစ်ခု၏ လည်ပတ်မှု လုပ်ငန်းစနစ်များအကြောင်း၊ လက်ငင်း ဈေးကွက်ကုန်စည်ဒိုင်စနစ်အကြောင်းတို့ကို မေးမြန်းဆွေးနွေးပြီး ကုန်စည်ဒိုင်၏ ဆန်၊ စပါးရောင်းဝယ်မှု၊ ဆန်ကြိတ်ခွဲတင်ပို့မှုအခြေအနေ၊ ကုန်စည်ဒိုင်အသီးသီး၏ လက်ရှိအရောင်းအဝယ်ဖြစ်နေသော ဈေးနှုန်းများနှင့် ဈေးကွက်အခြေအနေများ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(ဧရာဝတီ)