ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် အောင်ဟိတ် ကျေးရွာအုပ်စုရှိ တောင်သူဦးစိန်ကုလား၏ ၂၀၂၂/၂၀၂၃ မိုးစပါး ရိတ်သိမ်း ချွေလှေ့နေမှုကို (၁၃.၁၁.၂၀၂၂)နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် မအူပင်ခရိုင် စားသုံးသူရေးရာ ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်း၊ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦး နှင့် ဝန်ထမ်းများသည် ကွင်းဆင်းဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။
အဆိုပါကွင်းဆင်းဆွေးနွေးမှုတွင် တောင်သူဦးစိန်ကုလားမှ မိမိလယ် (၂)ဧကတွင် GW-11 စပါးစိုက်ပျိုးခဲ့ပြီး ယခုရိတ်သိမ်းချိန်တွင် တစ်ဧက တင်း(၁၀၀) ကျော် ထွက်ရှိနိုင်ကြောင်းနှင့် တစ်ဧက ကုန်ကျစရိတ်နှင့် စပါးထွက်ရှိမှုမှာ ဈေးကွက်တွက်ခြေကိုက်မှုရှိသော်လည်း သွင်းအားစု ဈေးနှုန်းများ ကြီးမြင့်မှုရှိကြောင်း တင်ပြဆွေးနွေးခဲ့ပါသည်။
မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဒု-ခရိုင်ဦးဦးစီးမှူး ဦးအောင်ဇော်ဦးတို့မှ ဓါတ်မြေဩဇာလျှော့သုံး၍ သဘာဝမြေဩဇာဖြစ်သော မြေဆွေးနှင့် နွားချေး မြေဩဇာများ အစားထိုးအသုံးပြုနိုင်ရေးနှင့် စပါးအရည်အသွေးမြင့်မားရေးနှင့် ဈေးကွက်ရရှိနိုင်ရေး နည်းလမ်းကောင်းများကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)