Main menu

အုတ်ဖိုမြို့နယ်၌လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲ

Powered by Drupal

     ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(၄)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး (အနောက်) သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးတွင် အုတ်ဖိုမြို့နယ်မှဆန်စက်ပိုင်ရှင်ကြီးများနှင့် ဆန်ကုန်သည်ကြီးများအား တွေ့ဆုံ၍ MyRo တွင် သိုလှောင်ရုံများ မှတ်ပုံတင်နိုင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးခြင်းနှင့် သိုလှောင်ရုံများအလိုက် စပါးနှင့်ဆန်များဝယ်ယူသိုလှောင်မှု ပြန်လည်တင်ပို့ရောင်းချမှု့နှင့် သိုလှောင်လက်ကျန်အခြေအနေ များစာရင်းပေးပို့နိုင်ရေး တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          အဆိုပါတွေ့ဆုံပွဲအား သာယာဝတီခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ရုံးမှ ခရိုင်ဦးစီးမှူး ဦးနိုင်လင်းထွန်းမှ သိုလှောင်ရုံများ မှတ်ပုံတင်မှု့လုပ်ငန်းစဉ်များ လက်တွေ့ရှင်းလင်းပြသခဲ့ပြီး အုတ်ဖိုမြို့နယ် ဆန်စက်ပိုင်ရှင်ကြီများနှင့် ဆန်ကုန်သည်ကြီးများ ၂၁ ဦးတတ်ရောက်ဆောင်ရွက်ခဲ့ကြ ပါသည်။

DOCA(ပဲခူး)