Main menu

မကွေးမြို့၊ ပြည်တော်သာလမ်းရှိ 21 MART ကုန်စုံဆိုင်အား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊စားသုံးသူ‌‌ရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှ (လက်ထောက် ညွှန်ကြားရေးမှူး)၊ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်း (မကွေးမြို့နယ်တာဝန်ခံ)နှင့် ခရိုင်ရုံးဝန်ထမ်းများသည် (၁၁.၁၁.၂၀၂၂)ရက်နေ့ နံနက် (၁၀း၁၅)နာရီတွင် မကွေးမြို့၊ ပြည်တော်သာလမ်းရှိ 21 MART ကုန်စုံဆိုင်အား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

       ထိုသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ စားသုံးရန်မသင့် တားမြစ်ထားသော ကုန်စည်များ ‌‌ရောင်းချမှုရှိ/မရှိ နှင့် စားသုံးသူကာကွယ်‌ရေး ဥပဒေ ၂၀၁၉ အခန်း(၁၈)တွင် ပြဌာန်းထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့် ပြည့်စုံမှန်ကန်စွာဖော်ပြထားမှု ရှိ/မရှိတို့အား စစ်ဆေးခဲ့ရာ စားသုံးရန်မသင့်တားမြစ်ထားသော ကုန်စည်များအား မတွေ့ရှိရသည့်အတွက် ရောင်းချခြင်းမပြုရန် အသိပေးဆွေးနွေးခဲ့ပါသည်။ထို့ပြင် ကုန်အညွှန်းအမှတ်အသားဖော်ပြမှုတွင် မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြရမည့် ကုန်စည်များကိုသာ ရောင်းချရန်အသိပေးရှင်းလင်းဆွေးနွေးရာ စီးပွားရေးလုပ်ငန်းရှင်မှ မိမိတို့အနေဖြင့် ကျင့်ဝတ်နှင့်အညီ ဆိုင်အား အပတ်စဉ် ကုန်ပစ္စည်းများ၏ သက်တမ်းလွန်မှု လက်ကျန် အခြေအနေများ စစ်ဆေးပြီး သက်တမ်းလွန်နေသော ကုန်စည်များအား သီးသန့်အမှိုက်ပုံးတွင်ထည့်ထားကြောင်း တင်ပြလာမှုအပေါ် အဖွဲ့မှစိစစ်တွေ့ရှိရပါသည်။

        ခရိုင်ဦးစီးမှူးမှ ကုန်စုံဆိုင်ပိုင်ရှင်အား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မတီ၏  ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)အား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး စီးပွားရေးကျင့်ဝတ်နှင့်အညီဆောင်ရွက်နေမှုအပေါ်  အသိအမှတ်ပြုပါကြောင်း ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)