Main menu

ဓနုဖြူမြို့နယ်၊ အ.ထ.က(တော်ဝ)အခြေခံပညာအထက်တန်းကျောင်း မုန့်ဈေးတန်းအား ကွင်းဆင်း စစ်ဆေး

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်ဦးစီးမှူးရုံး လက်အောက်ရှိ ဓနုဖြူမြို့နယ်တာဝန်ခံသည် (၅-၂-၂၀၂၅) ရက်နေ့ နံနက်(၀၉:၀၀)နာရီ အချိန်တွင်  မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် ပြန်ကြားရေး နှင့်ပြည်သူ့  ဆက်ဆံရေးဦးစီးဌာတို့နှင့် အတူ ဓနုဖြူမြို့နယ်၊ ကုန်းတန်း တောင်ကျေးရွာ အုပ်စု၊တော်ဝ ကျေးရွာကျောင်းမုန့်ဈေးဆိုင် များအား ဈေးကွက်စောင့်ကြည့် စစ်ဆေး ဆောင်ရွက်ခဲ့ ပါသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ ဦးခိုင်လွမ်းမိုးက  ဦးဆောင်၍ ကျောင်းကော်အတီအဖွဲ့ဝင် ဆရာ/ဆရာများ နှင့် ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းရှိ မုန့်ဆိုင်တွင်ရောင်းချ လျက်ရှိသော အစားအသောက် ကုန်စည်များတွင် ကုန်အညွန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် အသေးစိတ်စိစစ်ချက်များအတိုင်း ဖော်ပြထားခြင်း ရှိ/မရှိ နှင့် သက်တမ်းလွန်မုန့်များ ရောင်းချနေခြင်း ရှိ/မရှိ စစ်ဆေးခဲ့ရာ  ကုန်အညွှန်းအမှတ်အသား ပြည့်စုံသောမုန့်များနှင့် မိမိတို့ ဒေသထွက် ဘေးအန္တရာယ်ကင်း လွတ်သည့် သဘာဝ အစားအစာများကို သန့်ရှင်းသပ်ရပ်စွာရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိရပြီး  မုန့်ဈေးရောင်းသူစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချသည့် မည်သည့်ကုန်စည်များတွင်မဆို စားသုံးသူကာကွယ် ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် အသေးစိတ်စိစစ်ချက်များ အတိုင်း ဖော်ပြထားသည့် ကုန်စည်များ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်ပါရှိသော ကုန်စည်များကိုသာ ရောင်းချရန် နှင့်  ကလေးငယ်များ ဘေးအန္တရာယ် ကျ ရောက်ပြီး ထိခိုက်နစ်နာစေမည့်  မည်သည့်ကုန်ပစ္စည်းများကိုမှ မရောင်းချရန် အသိပညာပေးခဲ့ပြီး  အမိန့် ကြော်ငြာစာအမှတ်(၂/၂၀၁၉) ကုန်အညွှန်းအမှတ်အသား အသေးစိတ်စိစစ်ချက်များပါရှိသည့် လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Doca(ဧရာဝတီ)