စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးသစ် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ညောင်ဦးခရိုင်ဦ ညောင်ဦးမြို့နယ်၊ ကုန်းတန်းကြီး ကျေးရွာအုပ်စု၊ ခရိုင်ရုံးများမြေနေရာ၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမြေနေရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ မန္တလေးတိုင်းဒေသကြီး၊ စီမံကန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဦးမြတ်သူ၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဇော်ဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၁) ဦးဝင်းမြင့်ခိုင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၂) ဦးမြင့်သိန်း၊ ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မူတာကပေါ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့် တို့နှင့်အတူ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ Mauk Kha Co,.Ltd မှ မန်နေဂျင်းဒါရိုက်တာ ဦးသန့်ဇင်ဦး၊မြင်းခြံခရိုင်၊ ညောင်ဦးခရိုင် စားသုံးသူရေးရာဦးစီးဌာန အရာထမ်း/အမှုထမ်းများနှင့်အတူ ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို (၁၁.၁.၂၀၂၀) ရက်နေ့ နံနက်(၀၈:၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနား ပန္နက်တင်မင်္ဂလာအချိန်(၀၈:၀၅)နာရီတွင် ညောင်ဦးခရိုင် ဦးစီးမှူးရုံးသစ် ဆောက်လုပ်မည့် (၅၀၊_ ၃၅၊_ ၂၄၊)အာစီ(၂)ထပ် နေရာ၌ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ မန္တလေးတိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူ၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်၊ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မူတာကပေါ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်(၁) ဦးဝင်းမြင့်ခိုင်၊ လွှတ်တော်ကိုယ်စားလှယ်(၂) ဦးမြင့်စိန်၊ Mauk Kha Co,.Ltd မှ မန်နေဂျင်းဒါရိုက်တာ ဦးသန့်ဇင်ဦးတို့မှ မင်္ဂလာ ပန္နက်ရိုက်ကာ အမွှေးနံ့သာရည် များ ပက်ဖျန်းပေးခဲ့ကြပါသည်။ ထို့နောက် Mauk Kha Co,.Ltd မှ အမှတ်တရ လက်ဆောင် ပစ္စည်းများပေးအပ်ပြီး၊ နံနက်စာများဖြင့် ဧည့်ခံခဲ့ ပါသည်။ ထို့နောက် အဆိုပါအခမ်းအနားသို့ တက်ရောက်လာသူများ စုပေါင်းဓါတ်ပုံ ရိုက်ကူးကာ နံနက်(၈:၄၅)နာရီတွင် ခရိုင်ဦးစီးမှူး ရုံးသစ် ပန္နက်တင်မင်္ဂလာအခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။