ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် (၁၄.၁၁.၂၀၂၂) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ချောင်းဖျားကျေးရွာ အမေ့သားဂုဏ်ရောင် ဆန်စက်ပိုင်ရှင် ဦးဝင်းမြင့်အောင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ဆန်စက်ပိုင်ရှင် ဦးဝင်းမြင့်အောင်နှင့်တွေ့ဆုံခဲ့ရာတွင် ယခုဖြစ်ပေါ်နေသော ဆန်စပါးဈေးနှုန်း ဈေးကွက်အခြေအနေများ၊ ကြိတ်ခွဲထုတ်လုပ်မှုတွင်ခေတ်မီစက်ကိရိယာများတပ်ဆင်ထားရှိမှု အခြေအနေ များကို တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)