Main menu

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပါရမီဒေါင့်ကျေးရွာ အမကတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ် တာဝန်ခံ ဒေါ်ဇင်မာသန်း နှင့်ဝန်ထမ်းများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၅.၁၂.၂၀၂၅)ရက်နေ့ နံနက်(၁၀;၀၀) အချိန်တွင် အိမ်မဲမြို့နယ်၊ ပါရမီဒေါင့်ကျေးရွာ အမကတန်းကျောင်း၌ ဆရာ/ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်တာဝန်ခံမှ မိတ်ဆက်စကား ပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှလက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပါသည်။ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စားသုံးရန်မသင့်သော အစားအစာများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်အညွှန်းပြည့်စုံစွာထည့်သွင်းဖော်ပြ၍ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် ကုန်ပစ္စည်းများကိုသာ ဝယ်ယူစားသောက်အသုံးပြုတတ်ရန်၊ အသင့်စားမုန့်ထုတ်များတွင် မြန်မာစာဖြင့် ရေးသား ဖော်ပြထားသော မုန့်ထုတ်များအားရွေးချယ်ဝယ်ယူတတ်စေရန်နှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုရှိလျှင် နည်းလမ်းများအား အသေးစိတ်ဟောပြောဆွေးနွေးခဲ့ပါသည်၊ ထို့နောက်ကျောင်း မုန့်ဈေးတန်းတွင် ရောင်းချနေသော ဆိုင်ရှင်များအား စားသုံးရန်မသင့်သောအစားအသောက်များ၊ သက်တမ်းလွန်မုန့်များ၊ ကုန်အညွှန်းအမှတ်အသားမပြည့်စုံသော အစား အသောက်များ ဝယ်ယူရောင်းချခြင်းမပြုရန် ဆွေးနွေးမှာကြားခဲ့ပါသည်၊ စားသုံးသူအသိပညာပေးဟောပြောပွဲသို့ ဆရာ/ ဆရာမ၊ ကျောင်းသားကျောင်းသူ (၁၀၀)ဦးတက်ရောက်ခဲ့ ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)