Main menu

တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ စားအုန်းဆီရောင်းချနေမှုအခြေအနေအား  ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     (၁၀.၁၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀း၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများ၊  အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆီလက်ကားကိုယ်စာလှယ်၊ ဈေးစည်ပင်သာယာရေး ကော်မတီတို့နှင့်အတူ တောင်ဥက္ကလာပမြို့နယ်၊ (၁၀)ရက်ကွက်ရှိ စားအုန်းဆီ လက်လီ/လက် ကားအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး)က စားအုန်းဆီ လက်လီ/ လက်ကားကိုယ်စားလှယ်များအနေဖြင့်ခွဲတမ်းရရှိထားသော စားအုန်းဆီများကို သတ်မှတ်စည်း မျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချရန်နှင့် စားအုန်းဆီလက်လီ/ လက်ကား ရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူများမြင်သာထင်သာရှိသောနေရာတွင် ဆိုင်းဘုတ်တင်ရောင်းချရန်နှင့် စားသုံးသူရေးရာဦးစီးဌာနမှ အပတ်စဉ်ထုတ်ပြန်လျက်ရှိသော သတ်မှတ်ရည်ညွှန်းဈေးနှုန်းအပေါ် (၂%)အမြတ်တင်ရောင်းချနေမှု ရှိ/ မရှိတို့ကို ကွင်းဆင်းစစ် ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ရန်ကုန်)