
စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်ခွဲတာဝန်ခံ ဦးဇော်မျိုးထွန်းပါ (၂)ဦးတို့ သည် (၁၁.၁၂.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)အချိန်တွင် မှော်ဘီမြို့မဈေးအတွင်း၌ အသင့်စားမုန့် အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/မရှိအား ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။
ထိုသို့စစ်ဆေးခဲ့ရာတွင် မြို့မဈေးမှ မုန့်မျိုးစုံဆိုင်များတွင် ရောင်းချနေသော အသင့်စားမုန့် အမျိုးမျိုးတို့တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသော ပစ္စည်း များကိုသာ ရောင်းချပါကြောင်း၊ မိမိတို့ဌာနမှလည်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဦးစားပေး ကုန်စည် ဖြစ်သည့်ကုန်စည်(၁၀)မျိုးကို ဈေးကွက်စောင့်ကြည့်စစ်ဆေးရန် ထုတ်ပြန်ထားသဖြင့် အသင့်စား မုန့်အမျိုးမျိုးပါဝင်သောကြောင့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ရောင်းချရမည့် ကုန်စည်မှာ မြန်မာလိုကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် လွယ်ကူအဆင်ပြေစေရန်အတွက် ထုတ်ပြန်လာ သည့်အတိုင်း ကိုက်ညီသောကုန်စည်များကိုသာ လုပ်ငန်းရှင်များက ရောင်းချရန် သတ်မှတ်ချက်များ ကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)
