
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် ကျိုင်းတုံမြို့၊ ရပ်ကွက်(၁)၊ မြို့မဈေးကြီးအနီးရှိ ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်များ၊ ရပ်ကွက်(၄) အတွင်းရှိ ဆန်စက်ပိုင်ရှင်များနှင့် တွေ့ဆုံ၍ မြန်မာဆန်စပါးအွန်လိုင်း MyRoတွင် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ထားရှိမှုလုပ်ငန်းစဉ်များအား ကွင်းဆင်းအသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါ
သည်။
ထိုသို့ တွေ့ဆုံရာတွင် ဆန်တန်ချိန်(၂၅)တန်နှင့်အထက် သိုလှောင်ရုံသို့မဟုတ် စပါးတင်း (၂၅၀၀)နှင့်အထက်သိုလှောင်ရုံများအား မြန်မာဆန်စပါးအွန်လိုင်းMyRoတွင် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းပြုလုပ်ရန်နှင့် မြန်မာဆန်စပါးအွန်လိုင်းMyRoတွင် သိုလှောင်ရုံမှတ်ပုံတင်ထားသော ဆန်စပါးလုပ်ငန်းရှင်များအနေဖြင့် သိုလှောင်ရုံများ၏ ကုန်ရ၊ ကုန်ထုတ်၊ လက်ကျန် စာရင်းများအား လစဉ်လဆန်း(၁)ရက်နေ့မှ (၁၀)ရက်နေ့အတွင်း Update ဖြည့်သွင်းဆောင်ရွက်ရန်၊ ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ထားသော ဆန်စပါးလုပ်ငန်းရှင်များအနေဖြင့် သိုလှောင်ရုံများအား တစ်နှစ် တစ်ကြိမ် သက်တမ်းတိုးခြင်းလုပ်ငန်းများဆောင်ရွက်ရန် ဆွေးနွေးခဲ့ပါသည်။
DOCA(ရှမ်း)
