Main menu

အထက (၅) မော်လမြိုင်ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

Powered by Drupal

         ၁၆.၁၁.၂၀၂၂ ရက်နေ့ ၁၃၀၀ နာရီတွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အထက (၅) ၊ မော်လမြိုင် ကျောင်း၌ စားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နယ်လီဝင်းက အဖွင့်အမှာစကားပြောကြား ခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ အငယ်တန်းစာရေး ဒေါ်သဇင်ဖြိုးမြတ်က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့် စပ်လျဉ်းသည့် အကြောင်းအရာများ၊ ကုန်စည်/ဝန်ဆောင်မှုများရွေးချယ်ဝယ်ယူရာတွင် သတင်းအချက်အလက်များကို သေချာစွာစုံစမ်းရန်၊ ကုန်စည်/ဝန်ဆောင်မှုများကိုဝယ်ယူ သုံးစွဲခြင်းကြောင့် စားသုံးသူထိခိုက်နစ်နာမှုပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြား နိုင်သည့်အကြောင်း အရာများ၊ Consumer Call Center သို့ဖုန်းခေါ်ဆို၍လည်း တိုင်ကြားနိုင်ကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

      အဆိုပါ ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ (၁၆၀) ဦးတက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)